Image and video hosting by TinyPic
Sayarma.gif
တောက ခလေးတွေပျော်တာကိုတွေ့ရင် ဆရာမလဲပျော်တာပေါ့ .......

Tuesday, February 15, 2011

ချစ်သမီး မိဨကရီမန် တနှစ်ပြည့်မွေးနေ့

ဒီနေ့ဆိုရင် အရာအားလုံးဟာ

သဘောကျရင်ဆက်ဖတ်ပါနော်

Sunday, February 13, 2011

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

(အရမ်းကောင်းတဲ့ မ ငယ် နိုင် ဆောင်းပါးလေး ပါ။ နိုင် ငံ ခြား မှာ ရောက် နေ တဲ့ မြန် မာ မိ သား စု တော် တော် များ များ ကြုံ တွေ့ နေ ရ တဲ့ ပြ သ နာ ပါ။ ဒီ ပြ သ နာ ကို မ ငယ် နိုင် ရဲ့ ချည်း ကပ် ပုံ နဲ့ သင် ခန်း စာ ယူ ပုံ အ ရမ်း ကောင်း  ပါ တယ်။ မြန် မာ နိုင် ငံ သား တွေ ရဲ့ အား နည်း ပြီး ပြု ပြင် သင့် တဲ့ အ ကျင့် တွေ ကို ကွင်း ကွင်း ကွက် ကွက် ထောက် ပြ ထား ပါ တယ်။ မ ငယ် နိုင် နဲ့ မ ငယ် နိုင် ရဲ့ သား ကို ချီး ကျူး ပါ တယ်။ အကယ်၍ မြန် မာ ပြည် မှာ ရှိ နေ အုံး မယ် ဆို ရင် ဒီ (Story) ကို (Case Study) လုပ် ပြီး ဆွေး နွေး ပွဲ တွေ လုပ် ဖြစ် မှာ ပါ။  နိုင် ငံ ခြား ရောက် တဲ့ မြန် မာ တွေ အား လုံး လဲ ဖတ် ပြီး အ ခြင်း ခြင်း ဖ လှယ် ပြု ပြင် တာ ပြု ပြင် သင့် ပါ တယ်။ )

ကလေးတွေ ဗမာလို မပြောတာ ဗမာလိုပြောရမှာ ရှက်လို့၊ မိမိလူမျိုးကို အထင်သေးလို့ မိဘတွေကိုယ်တိုင်က ဗိုလ်ရူးရူးနေပြီး သားသမီးကို ဗမာလို မသင်ပေးလို့ စသည်ဖြင့် အမျိုးမျိုး အပြစ်တင်ဝေဖန်ကြတာ ဖတ်ဖူးပါတယ်။ တကယ်တော့ လေ့လာကြည့်ရင် အဲဒါတခုမှ မဟုတ်ဘူး၊ မိမိကိုယ်တိုင် ဒီပတ်ဝန်းကျင်မှာ ဒီလိုဘ၀ကို ဖြတ်သန်းဖူးမှ ဒီအခြေအနေကို ခံစားနားလည်နိုင်မှာ အမှန်ပဲဖြစ်တယ်။ သားကို ခပ်ငယ်ငယ်က ဗမာနဲ့တွေ့ရင်ဖြစ်စေ၊ မိဘနဲ့ အိမ်မှာ စကားပြောရင်ဖြစ်စေ ဗမာလိုပဲ ပြောရမယ်လို့ ပြောထားတယ်။ သားက လည်း သူငယ်တန်းပထမနှစ်ဝက်အထိ ဗမာလိုကို ကောင်းကောင်း ပြောပါတယ်။ ဒုတိယနှစ်ဝက်ကစပြီး အင်္ဂလိပ်လို ညှပ်ညှပ်ပြီး ပြောလာရာကနေ နောက်တော့ အင်္ဂလိပ်လို ပြောပြီးဆက်ဆံရတဲ့ အချိန်က ပိုများနေလို့ အင်္ဂလိပ်လိုကိုပဲ လုံးဝ အားသန်သွားတယ်။ မြန်မာကျောင်းတွေ ဘုန်းကြီးကျောင်းတွေလည်း တပတ်တခါ သွားပို့ပေမဲ့ ဟိုမှာလည်း မြန်မာကလေးတွေအချင်းချင်း ဗမာလို မပြောဘဲ အင်္ဂလိပ်လိုပဲ ပြောကြတာ တွေ့ရတယ်၊၊

 
ဆောင်းပါးကိုဆုံးအောင်ဖတ်ချင်ရင် ဒီနေရာလေးကိုနှိပ်နော်




သဘောကျရင်ဆက်ဖတ်ပါနော်

Monday, December 20, 2010

(၁၀) လပြည့် သမီးလေး ဨကရီမွန် မွေးနေ့

ပျော်စရာမွေးနေ့ကိတ်မုန့်နဲ့ သမီးလေးပါ


သဘောကျရင်ဆက်ဖတ်ပါနော်

Thursday, November 25, 2010

လူကြိုက်များ တဲ့ နှစ်သစ်နှင်းဆီ အငြိမ့်

ဒီတပတ်အားလပ်ရက်မှာ သားတို့ သမီးတို့ မပြင်းရအောင် အငြိမ့်ပွဲလေးကြည့်ရအောင်နော်

အငြိမ့်ပွဲလည်းကြည့် ကျောင်းစာလည်းလုပ်ရမယ်နော်

 နှစ်သစ် နှင်းဆီ ဗီဒီယို အား ကြည့်ရှုရန် ဤနေရာ တွင် ကလစ် နှိပ်ပါ

နိုဝင်ဘာလ ၂၁ ရက်နေ့ က သုဝဏ္ဏအားကစားရုံမှာပြသခဲ့တဲ့ ထာဝရ နှင်းဆီ အငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ရပါတယ်။
ဒီအငြိမ့်ပွဲလေးကို ဒါရိုက်တာ မောင်မျိုးမင်း စီစဉ် ရိုက်ကူးပြီး မင်းသမီး မိုးယုစံ ၊ဖူးစုံ၊ မေကဗျာ၊ မင်သမီး အဖြစ် သရုပ်ဆောင်ကာ နေတိုး၊ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ရဲလေး၊မိုးမိုး တို့ ၏ ပရိသတ် အားပေးမှု ရှိသည့် နှစ်သစ် နှင်းဆီ အငြိမ့် ဗီဒီယို အား ပရိသတ် များ အစအဆုံး ကြည့်ရှု နိုင်ရန် ရွှေအိုး ဗီဒီယို မှ တင်ဆက်ပေးထားပါသည်။
အငြိမ့်ထဲမှာ ပါတဲ့ ပြက်လုံးအချို့ကိုဖော်ပြရမယ်ဆိုရင် လူရွင်တော်အချင်းချင်း ပဟေဌိ လုပ်တဲ့အခါနောက်ဆုံး မေးခွန်း အဖြစ် တရိစ္ဆာတွေကို အများဆုံးရှိတဲ့ နေရာ၊ တရိစ္ဆာ မျိုးစုံထား ရှိ တဲ့နေရာဘယ်နေရာလဲ သိတဲ့လူဖြေလို့ လူရွင်တော်တစ်ယောက်ကမေးတဲ့အခါ အခြားလူရွင်တော်တွေက ငါသိတယ်..ဟိုဟာမဟုတ်လား..ဆိုပြီး တစ်ယောက်မှ မဖြေခဲ့ပေ။ ဒါနဲ့ လူရွှင်တော်တစ်ယောက်က ဒါဆိုပရိသတ်ကြီးသိမယ်ထင်တယ်ဆိုပြီး ပရိသတ်ကိုမေးတော့ ပရိသတ်က သံပြိုင်ပါပဲ နေပြည်တော်လို့ ဖြေခဲ့ကျပါတယ်။

အားလုံးပျော်ရွှင်ကြပါစေ.......

 

သဘောကျရင်ဆက်ဖတ်ပါနော်

Friday, October 15, 2010

ရှစ်လပြည့် ချစ်သမီးမွေးနေ့ ( 10-15-2010 )




ချစ်သမီးလေး Aeekaree Mon ရေ... 

ချစ်သမီးလေး မွေးနေ့ အတွက် ဆုတောင်းပေးတယ်နော်...
ကျန်းမာပြီး ပညာတွေ ထူးထူးချွန်ချွန် တတ်မြောက်တဲ့..
မိဘကျေးဇူး သိတတ်တဲ့...
အစစ အရာရာ မတောင့်မတ မကြောင့်မကြ လိုလေသေးမရှိ
ပြည့်စုံတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ရတဲ့ ချစ်သမီးလေး တစ်ယောက် ဖြစ်ပါစေ လို့ ...။

ဆက်ပြီး

Happy Birthday ပါ ချစ်သမီးလေးရေ...
ပျော်ရွှင်ချမ်းမြေ့ခြင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်ဝပါစေ။
ချစ်သမီးလေးရဲ့ စိတ်ဆန္ဒအတိုင်း ပင်ယံမှာ ကြာရှည်လေးမြင့် တင့်တယ်ပါစေ။
ဘ၀မှာ အောင်မြင်ခြင်းဆိုတဲ့ ဆုလာဘ်ကို ခိုင်ခိုင်မာမာ ရရှိနိုင်ပါစေ။
အချိန်ဆိုတဲ့ မြစ်တစ်စင်းရဲ့ တိုက်စားခံရခြင်းကို လှပတင့်တယ်စွာ ကျော်ဖြတ်နိုင်ပါစေ။





သဘောကျရင်ဆက်ဖတ်ပါနော်

 
ကလေးတို့ရေ ရှေ့အနာဂတ်အတွက် အရွက်ကြွေကြွေ အရည်ခမ်းခမ်း ရိုးတံရှိသ၍ အဖူးဝေစေချင်တယ် ဆရာမရဲ့ဆန္ဒစေတနာပါ....ကြိုးစားကြနော် .......