လိုအပ်တဲ့အချိန်မှာ အသုံးတည့်နိုင်ပါစေ။
Sunday, June 26, 2011
လိုအပ်တဲ့အချိန်မှာ အသုံးတည့်နိုင်ပါစေ
လိုအပ်တဲ့အချိန်မှာ အသုံးတည့်နိုင်ပါစေ။
Sunday, February 13, 2011
နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ
ဆောင်းပါးကိုဆုံးအောင်ဖတ်ချင်ရင် ဒီနေရာလေးကိုနှိပ်နော်
Saturday, May 29, 2010
မိမိသုံးတဲ့အင်တာနက်ရဲ့ အနှေးနဲ့ အမြန် (connection) ကြည့်ချင်ရင်
အရမ်းကိုအသုံးဝင်သလို အင်တာနက်ကိုအမြဲသုံးတဲ့သူတွေအတွက် အရေးကြီးပါတယ်
လို့ ပြောလို့  ရပါတယ်။ အခုအောက်မှာပြထားတဲ့ ၀က်ဆိုက်ဒ် (၃)ခု ကတော့မိမိသုံးနေ
တဲ့ Broadband Connection တွေရဲ့  Speed ကို ကြည့်လို့ ရပါတယ်။ ပြီးတော့
Speed.io ကဆိုရင်ကြည့်လို့ ရတာမကပါဘူး မြန်အောင် ပါလုပ်ချင်ရင် လည်းရပါသေးတယ်။
Start Speedtest ဆိုတာလေးနိုပ်လိုက်ရင်အရင်ကထက်ပိုပြီးမိမိရဲ့ Connection ကမြန်လာ လိမ့် မည်။
Speedtest.net ကိုနှိပ်ပါနော်
မိတ်ဆွေအားလုံးကိုကျေးဇူးတင်လျှက်
Wednesday, May 5, 2010
စက်ရုပ်လေးနဲ့စကားပြောရအောင်နော်
အင်္ဂလိပ်စာတိုးတက်ချင်လို့၊ ပျင်းလို့ စတဲ့အကြောင်းအရာတွေကြောင့်ဘဲဖြစ်ဖြစ်...
မသိသေးလို့စမ်းကြည့်ချင်တာဘဲ ဖြစ်ဖြစ်.. စက်ရုပ်နဲ့ အင်္ဂလိပ်လိုစကားပြောလို့ရပါတယ်..
Online မှာ သူငယ်ချင်းတွေမလာလို့၊ ပျင်းပြီးစကားပြောစရာမှရှိရင်..စက်ရုပ်နဲ့စကားပြောနိုင်ပါတယ်၊
ဟာသတွေကို ပြောတက်သလို၊ မနေ့ကသူနဲ့ စကားပြောခဲ့ရင် နောက်နေ့သူကို ပြန်မေးရင်သူကသိနေတယ်..
တော်တော်ကိုပျော်စရာကောင်းပြီး အင်္ဂလိပ်စာတိုးတက်ဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်..
ပြောနေတာကြာပါတယ်.. လက်တွေ့အောက်က လင့်လေးမှာသွားကြည့်နော်..ပျော်စရာကောင်းပြီး၊
သူတို့ရဲ့ မျက်နှာပေါ်မှာ mouse ကိုတင်ပြီးရွေ့ရင်လဲ လိုက်ကြည့်တက်ပါတယ်.

" စက်ရုပ်ချောချောမလေးနဲ့စကားပြောချင်ရင် ဒီနေရာလေးနော် "

" ကိုကိုစက်ရုပ်လေးနဲ့စကားပြောချင်ရင် ဒီနေရာလေးနော် "
Monday, March 29, 2010
Sunday, March 21, 2010
မမဆောင်းရဲ့ " သားသမီးရတနာ "
အိမ်ထောင်သည်များ ကလေး ယူမယ် မယူဘူး ဆိုတဲ့ အကြောင်းလေး တခုနဲ့ ပတ်သက်ပြီး ကျွန်မ အမြင်ကို ရေးချင်လို့ ပါ။
ကျွန်မ အမြင်ကတော့ အိမ်ထောင်တခု တည်ပြီဆိုရင် သားသမီး ယူသင့် ပါတယ်။ တချို့ ကတော့ ကလေးရဲ့ ဒုက်ခကို မခံချင်လို့  ကလေး မယူချင် တာတို့ ၊ တယောက်မွေးပြီး နောက်ထပ် မလိုချင် တာ တို့ ဖြစ်တတ်ပါတယ်။ ငွေကြေး အဆင်မပြေလို့  မယူတာက လက်ခံ နိုင်ပါတယ်။
ကလေးမရတဲ့ အိမ်ထောင်မှာ ငယ်ရွယ်ချိန် ဆိုရင် မသိသာပေမဲ့ အသက်ကြီး လာတဲ့ အခါ သိသာလာပါတယ်။ တူ တူမ တွေ မွေးစားသားသမီး တွေ ဆိုတာ ကိုယ့်သွေးသား လောက် မစောင့်ရှောက် ပေးနိုင်ပါဘူး။
ဒီနေရာလေးကို
နှိပ်ပါနော်၊၊ Saturday, January 23, 2010
သင့်အတွက်တစ်ကိုယ်ရေ နှင့် အိမ်တွင်းကျန်းမာရေး
* ရောဂါပိုးမွှားများ ပျံ့နှံ့ ခြင်းကို ရပ်တန့် ပါစေ။ သင်၏လက်များကို ဆေးကြောပါ။
* သန့် ရှင်းသော ကိုယ်ခန္ဓာသည် သင့်အား ကျန်းမာရေးကောင်းမွန်စေပါသည်။
ဘတ်တီးရီးယား ကာကွယ်သည့် သို့ မဟုတ် အနံ့ ပျောက်စေသည့် ဆပ်ပြာနှင့် ရေချိုးခြင်းဖြင့် ကိုယ်တွင်းအနံ့ ဖြစ်စေသော ပိုးမွှားများသေစေရန် အထောက်အကူ ဖြစ်စေသည်။ သင်၏ကိုယ်ခန္ဓာ ဆေးကြောပြီး သန့် ရှင်းသန့် ရှင်းသော အ၀တ်အစားများကိုယ် ၀တ်ဆင်ပါ။ "ခေါင်းလျှော်ရည်" နှင့်တစ်ပတ်လျှင် နှစ်ကြိမ် သင်၏ ဆံပင်ကို လျှော်ပေးခြင်းဖြင့် ခေါင်းအရေခွံလွှာကွာကျခြင်းမှ ကာကွယ်စေနိုင်သည်။ "ကွန်ဒီရှင်နာ" သည် ခေါင်း လျှော်ပြီးသည့်အခါ သင်၏ဆံပင် အလွန်ခြောက်သွေ့ ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ဆံပင် အမျိုးမျိုး အလိုက် ခေါင်းလျှော်ရည်နှင့် ကွန်ဒီရှင်နာ အမျိုးမျိုး လိုအပ်မည် ဖြစ်သည်။ သင်၏သူငယ်ချင်းနှင့် မိသားစု များထံ အကြံတောင်းပါ။ စတိုးဆိုင်၌ သင်ဝယ်ယူသည့် ခေါင်းလျှော်ရည်က သန်းမသတ်နိုင်ပါ။ အကယ်၍ သင့်ခေါင်း၌ သန်းရှိခဲ့လျှင် အထူးခေါင်းလျှော်ရည် ရရှိဖို့ သင့်ဆရာဝန်ထံသို့  သွားရမည်ဖြစ်သည်။
* ဆပ်ပြာနှင့် သင်တို့ ၏လက်များ ဘယ်အချိန်တွင် ဆေးကြောရမည်ကိုသင်၏ ကလေးသူငယ်များနှင့် မိသားစူများ အားသင်ကြားပေးပါ။
၁. အစာမစားမှီ၊ ချက်ပြုတ်ခြင်းနှင့် အစားမစာများမကိုင်တွယ်မီ။
၂. အိမ်သာအသုံးပြုပြီးသည့်အချိန်။
၃. ကလေးငယ် သန့် ရှင်းစေပြီး သို့ မဟုတ် ကလေးငယ်၏အနှီးကို လဲပေးခြင်း ပြီးဆုံးသည့်အချိန်။
၎. သင်၏ကလေးများနှင့် မိသားစုများအား လက်များကိုသေချာစွာ ဆေးကြောပုံကို သင်ပေးပါ။
* သင်၏ကလေးများနှင့် မိသားစုများအား လက်များကိုသေချာစွာ ဆေးကြောပုံကို သင်ပေးပါ။ လက်များကိုစနစ် တကျဆေးကြောရန်အောက်ပါအချက် (၈)ချက် ကိုလိုက်နာဆောင်ရွက်ပါ။
၁. သင်၏လက်ကို ရေနွေးအောက်မှာစိုပါစေ။
၂. ဆပ်ပြာဖြင့်လက်ကိုလိမ်းကျံပါ။
၃. လက်ဖ၀ါးများကိုပွတ်တိုက်ပါ။
၎. လက်ချောင်းကလေးများနှင့် လက်ချောင်းများကြားကိုပွတ်တိုက်ဆေးကြောပါ။
၅. လက်သည်းများဖြင့် လက်ဖ၀ါးများကို ညင်သာစွာတိုက်ချွတ်ဆေးကြောပြီး
၆. လက်ဖမိုးနှင့်လက်ချောင်းကလေးများကြားကိုလည်းပွတ်တိုက်ဆေးကြောပါ။
၇. လက်များကိုရေများများဖြင့်လုံလောက်စွာဆေးကြောရပါမည်။
၈. လက်များကိုခြောက်သွေ့ စေရန် သန့် ရှင်းစောအ၀တ်/တစ်ရှုးများကိုသုံးပါ။
(လက်များကိုဆပ်ပြာ၊ ရေတို့ ဖြင့်မကြာခဏဆေးပါ။ အထူးသဖြင့် ချောင်းဆိုး၊ နှာချေပြီးတိုင်း ` လက်ဆေးပါ။)
* ပါးစပ်နှင့်နှာခေါင်းကိုကာကွယ်ဖုံးအုပ်ပါ။
ချောင်းဆိုး၊ နှာချေသည့်အခါပါးစပ်နှင့်နှာခေါင်းကိုတစ်ရှုး၊ လက်ကိုင်ပ၀ါဖြင့်ဖုံးအုပ်ပါ။ သုံးပြီးသော တစ်ရှုးကို အမှိုက်ပုံးထံသို့ စနစ်တကျစွန့် ပစ်ပါ။
* ကိုယ်အနံ့ ပျောက်ဆေးဆိုသည်မှာ ကိုယ်အနံ့ မရှိစေရန် ချိုင်းအောက်တွင်အသုံးပြုရသည့်ဆေးတစ်မျိုးဖြစ်သည်။
ကိုယ်အနံ့ ပျောက်ဆေးများကို အရည်အားဖြင့်၊ ဂျဲလ် သို့ မဟုတ် အရည်ဖြန်းခြင်းအနေဖြင့် ရရှိနိုင်သည်။ ၎င်းတို့ ကို ယောက်ျားရော မိန်းမပါ အသုံးပြုနိုင်သည်။
* လျှော်ဖွှတ်သန့် စင်ထားသော အ၀တ်သည် ရောဂါပိုးများကို ကင်းဝေးစေသည်။
သင်၏အင်္ကျီနှင့်အိပ်ယာများကို လျှော်ဖွှတ်သည့်ဆပ်ပြာဖြင့် အနည်းဆုံးတစ်ပတ်လျှင် တကြိမ်သန့် ရှင်း စေခြင်းသည် အင်ပြင်များဖြစ်ပေါ်မှုမှ ကာကွယ်ပေးသည်။
* သန့် ရှင်းသည့်အိမ်သည် ရောဂါပိုးများ ကင်းဝေးစေသည်။
ပိုးကောင်နှင့်ကြွက်များသည် ရောဂါပိုးများကို ပြန့် နှံ့ စေသည်။ သင်၏ မီးဖိုချောင်ကို မကြာခဏ
တံမျက်စည်းလှဲ ဖို့ ရန်နှင့်သင်၏ကြမ်းများကို ကြမ်းတိုက်ဆပ်ပြာနှင့် အရောင်ချွတ်ဆေးရည်ဖြင့် ဆေးကြော ဖြစ်အောင် ဆေးကြောပါ။
* သန့် ရှင်းသောမီးဖိုချောင်သည်ရောဂါကို ကာကွယ်သည်။
များသောအားဖြင့် အစာ ရောဂါပိုးမွှားများကို နို့ ၊ ကြက်ဥ၊ ကြက်ငှက်၊ ၀က်သား၊ အမဲသားနှင့် ငါးများတွင် တွေ့ ရှိနိုင်သည်။ ထိုရောဂါပိုးတို့ သည် ကလေးသူငယ်များ အတွက် အလွန်အန္တရာယ်ရှိပြီး အသက်သေစေ နိုင်သည်။
* အစားအစာအတွက်ရောဂါပိုးများကိုကာကွယ်ရန်အောက်ပါအတိုင်းအထွေထွေစည်းကမ်းများကိုလိုက်နာပါ။
၁. စဉ်းတီးတုံး၊ အိုးခွက်ပန်းကန်၊ ကောင်တာ၊ ဘေစဉ်၊ စားပွဲမျက်နှာပြင် တို့ ကိုဆပ်ပြာ (သို့ ) အရောင်ချွတ်ဆေးဖြင့်ဆေးကြော၍ သုတ်သင်ရှင်းလင်းပါ။
၂. ဟင်းသီးဟင်းရွက်များနှင့် အသားငါးများကို သီးခြားစဉ်းတီးတုံး သုံး၍ ကိုင်တွယ်လှီးဖြတ်ပါ။
၃. အစားအစာပြင်ဆင်ရာတွင် သန့် ရှင်းသုတ်သင်ရန် အ၀တ်သုံးမည့်အစား စက္ကူပုဝါကို အသုံးပြုပါ။
၎. အသားစိမ်းများကို ချက်ပြုတ်ပြီးသောအစာများနှင့်မထိပါစေနှင့်။ ပန်းကန်တစ်ချပ်ထဲတွင်ရောနှော မထားပါနှင့်။
၅. နို့ ကိုလတ်ဆတ်နေစေရန် ရေခဲသေတ္တာထဲတွင် အမြဲထည့်ထားပါ။
၆. အရည်ပျော်ပြီးသားအသားကို ပြန်ခဲအောင်မလုပ်ပါနှင့်။ ဗူးဖြင့်စားသုံးသောအစားအစာကိုဖောက် ပြီးသားအတိုင်းမထားပါနှင့်။
၇. အစားအစာကိုကာကွယ်နိုင်ရန်ရေခဲသေတ္တာကို အအေးအလည်အလတ်အဆင့်တွင်ထားပါ။
* အစားအစာလုံခြုံမှုနှင့်ကျန်းမာရေးအကြောင်းပိုမိုသိရှိရန် အောက်ပါအင်တာနက် လိပ်စာတွင်ကြည့်ရှုနိုင်ပါသည်။
Tuesday, January 5, 2010
အင်တာနက်ကနေနိုင်ငံ 40 ကိုဖုန်း Free ခေါ်ရအောင်နော်
ဒီနေ့ ဆရာမ အားတာနဲ့ သတင်းကောင်းလေးတစ်ခု ပြောပြပေးမယ်နော် .... နားထောင်ချင်လား ?
ဒီလိုပါ .... အင်တာနက်ကနေနိုင်ငံ ၄၀ ကိုဖုန်း free ခေါ်လို့ရတဲ့သတင်းပါ
ဒီ http://www.tuitalk.com/ ဝက်ဆိုက်မှာ
အကောင့်တစ်ခုလုပ်ထားရင် တစ်နေ့ကို ၆ မိနစ် ခေါ်လို့ရပါတယ်။
totally free ပါ။ တကယ်လို့ အကောင့် ၅ ခုလောက်လုပ်ထားမယ်ဆိုရင် တစ်နေ့ကို
နာရီဝက် ပြောလို့ရမှာပါ။ နိုင်ငံပေါင်းက ၄၀ ပါ။ သူက ကုမ္ပဏီတွေကနေ
Sponser ပေးတာပါ။ ဖုန်းခေါ်လိုက်ရင် ခေါ်မပေးခင် စက္ကန့် ၂၀လောက်
ကြော်ငြာလာပါတယ် ပြီးရင် ခေါ်ပေးပါတယ်။
ဆရာမ ခေါ်ကြည့်တာတော့ အသံလဲတော်တော်ကြည်ပါတယ်။
လုပ်ပုံလုပ်နည်းကတော့ အရင် Join ကိုသွားပါ။
အဲဒီမှာလိုအပ်တာတွေဖြည့်ပါ။ ပြိးရင် submit လုပ်ပါ။ ပြီးရင် tuitalker ကိုဒေါင်း ပြီး
install လုပ်ပါ။ အီးမေးကိုသွားပြီး Activate လုပ်ပါ။
အဲဒီမှာ password ပေးဖို့ပေါ်လာပါလိမ့်မယ် password ပေးပါ။
ပြီးရင် myprofile ကိုသွားပြီး extended profile လုပ်ပါ မလုပ်ရင် ၃မိနစ်ပဲရပါတယ်။
အဲဒါလုပ်ပြီးရင် tuitalker မှာ sign in ၀င်ပြီး ခေါ်လို့ရပါပြီ။
အာ ...... ရှင်းပြရတာ မောသွားပြီး
နှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ကျပါစေ
Wednesday, December 23, 2009
မှတ်သားဘွယ်ရာ အတွေးလေးတစ်ခု
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊
၁၀၀ ဂရမ် အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊
ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ
လေဖြတ်ပြီး ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် .
Tuesday, December 8, 2009
တော သူလေးအတွက် Computer ဗဟုသုတ
မိမိစက် Restart ခဏခဏကျတာ ဘာကြောင့်လဲ?
မိမိတို့ နေ့စဉ်သုံးနေတဲ့ ကွန်ပျူတာမှာ Restart ခဏခဏ ကျတာမျိုး Shutdown ခဏခဏ ကျတာမျိုးတွေ ကြုံဖူးချင်လည်း ကြုံဖူးကျမှာပါ။ မကြုံဖူးရင်လည် ဗဟုသုတပေါ့။ အဲဒီလို ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဖြစ်နိုင်ချေတွေကတော့
(1) heat များနေခြင်း ။ ။ မိမိတို့ စက်သုံးတာ ကြာလာရင် Processor heat များတာတို့ ဖြစ်တက်ပါတယ်။ အဲဒီလို Heat များလာတော့ Processor မှာကပ်ထားတဲ့ ကော်ဖော်ကြွလာတာလဲ ဖြစ်တက်ပါတယ်။ ဒါကြောင့် မိမိ စက်ရဲ့ Heat ကို စစ်ဆေးသင့်ပါတယ်။ နောက်တစ်ခုကတော့ Cooling Fun တွေကောင်းမကောင်းစစ်ဆေးသင့်ပါတယ်။
(2) နောက်ဖြစ်နိုင်ခြေကတော့ Virtual Memory နည်းလာတဲ့အခါ handing ဖြစ်လာမယ်. ပြီးရင် Processor ရဲ့ Speed ကိုထိုးကျသွားတက်ပါတယ်။
(3) နောက်တစ်ချက် ဖြစ်နိုင်သေးတာကတော့ မိမိစက်ကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ Hardware တွေကိုသန့်ရှင်းရေး လုပ်ဆောင်သင့်သလို မိမိတို့ စက်ထဲမှ မလိုအပ်တဲ့ Service တွေကို သန့်ရှင်းရေးလုပ်ဆောင်ပါ။ (%tem%,prefetch,recent...........)
(4) နောက်တစ်ခုလုပ်သင့်တာက Hard Disk ကို Error check လုပ်ဆောင်ပေးပါ။
(5) နောက်လုပ်သင့်တာကတော့ မိမိစက်ကို လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားသင့်ပါတယ်။
(6) နောက်ဖြစ်နိုင်တာကတော Virus ကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိ Anti-Virus ကို စစ်ဆေးသင့်ပါတယ်။ up to date ဖြစ်မဖြစ်။
(7) နောက်တစ်ခု တစ်ခါတစ်လေ Software တွေညှီတာလည် ဖြစ်နိုင်ပါတယ်။ System Restore ပြန်ခေါ်ကြည့်ပါ။
(8) မရတဲ့အဆုံး Windows ပြန်တင်ကြည့်လိုက်ပါ။
(9) တစ်ချို့က ပြောကျတယ်။ Hard Disk ကြောင့်လို့။ Hard Disk နဲ့ မဆိုင်ပါဘူး။ အများဆုံးဖြစ်နိုင်တာက Heat နှင့် Virus ကြောင့်သာ အဖြစ်များပါတယ်။
လာပြီးအားပေးတာ ကျေးဇူးတင်ပါတယ်နော့်
Wednesday, December 2, 2009
ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်သော ဆီးချိုရောဂါ
Gestational Diabetes
ကိုယ်ဝန် မဆောင်ခင်နှင့် ကလေး မွေးပြီး နောက်ပိုင်းတွင် ရောဂါကို မတွေ့ရပဲ ကိုယ်ဝန် ဆောင်ချိန်၌သာ ဆီးချိုရောဂါကို စမ်းသပ် တွေ့ရှိရသည့် ဆီးချို အမျိုးအစားကို Gestational Diabetes (GD) ဟု ခေါ်ပါသည်။ ဆီးချို ရောဂါတွင် သွေးထဲ သကြားဓါတ် များခြင်း ကြောင့် ဖြစ်ပေါ်လာသော လက္ခဏာ တချို့သည် ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများ ခံစားရသော ပုံမှန် လက္ခဏာများနှင့် လွန်စွာ ဆင်တူ သောကြောင့် အတိအကျ စမ်းသပ် စစ်ဆေးမှု မပြုလုပ်ပါက ဆီးချို ရောဂါ ရှိမရှိ သိရန် မလွယ်ကူပေ။ စမ်းသပ် စစ်ဆေးခြင်း မပြုလုပ် မိသဖြင့် ဆီးချို ရှိကြောင်းကို မသိလိုက်ရပဲ ကိုယ်ဝန်ဆောင် သက်တမ်းကို ဖြတ်သန်းခဲ့သော် ကလေးနှင့် မိခင်အတွက် နောက်ဆက်တွဲ ရေရှည် ဆီးချို ပြဿနာများ ဖြစ်လာ နိုင်ပေသည်။
ဆီးချိုနှင့် ပုံမှန် ကိုယ်ဝန် ဆောင်ချိန်တွင် အမျိုးသမီးများ ခံစား ရသည့် လက္ခဏာ တချို့ ဆင်တူ သော်လည်း ဖြစ်ရသည့် အကြောင်းအရင်းမှာ လုံးဝ ခြားနားပြီး ကုသမှု မှာလည်း လုံးဝ မတူ သည်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း နားလည် ထားသင့်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် ဆီးချို ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ် ခံရနိုင်သည့် အမျိုးသမီးတိုင်း ဆီးချို ရှိမရှိကို မဖြစ်မနေ စမ်းသပ် စစ်ဆေးသင့်ပြီး ရောဂါ ရှိကြောင်း စမ်းသပ် တွေ့ရှိပါက သင့်တော်သော ကာကွယ် ကုသမှုများကို ဆောင်ရွက် သင့်ပါသည်။
Diabetes ဆီးချိုရောဂါ
ဆီးချိုရောဂါသည် ပန်ကရိယမှ ထုတ်လုပ်သော အင်ဆူလင် ဟော်မုန်းကို ဆဲလ်မှ ရရှိမှုမညီမျှခြင်း သို့မဟုတ် ထိရောက်စွာ အသုံး မပြုနိုင်ခြင်း တို့ကြောင့် သွေးထဲ၌ သကြားဓါတ် လွန်ကဲခြင်း ( Hyperglycaemia) ဖြစ်သည်ဟု ယခင် တင်ပြခဲ့သော Diabetes Mellitus နှင့် အင်ဆူလင် ဟော်မုန်း ဆက်နွယ်မှုနှင့် Diabetes Management and Complications နှစ်ခုတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆီးချို ရောဂါ အကြောင်းကို လုံးဝ လေ့လာထားခြင်း မရှိ သေးသည့် စာဖတ်သူများ အနေဖြင့် အရင် Post နှစ်ခုကို ဖတ်ပြီးမှ ယခု တင်ပြမည့် Gestational Diabetes ကို ဆက် ဖတ်သင့်ပါသည်။ ဆီးချို ရောဂါတွင် Type 1 နှင့် Type 2 နှစ်မျိုးရှိရာ ကိုယ်ဝန် ဆောင်ချိန် ၌ ဖြစ်သော ဆီးချိုရောဂါသည် အများအားဖြင့် အ၀လွန်ခြင်းနှင့် တွဲလေ့ရှိသည့် Type 2 မှာ ၉၈% ဖြစ်ပြီး Type 1 မှာ ၂% ဖြစ်ပါသည်။
Risk Factors of Gestational Diabetes ဖြစ်နိုင်ခြေရှိသည့် အချက်များ
ကျန်းမာရေး ဆိုင်ရာ စနစ်တကျ သုတေသနပြု မှတ်တမ်း တင်ထားသည့် နိုင်ငံများ၏ လက်ရှိ စာရင်းဇယားများ အရ ကိုယ်ဝန် ဆောင်ချိန်၌ ဆီးချို ရောဂါ ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ် ထားခြင်း ခံထားရသည့် အမျိုးသမီး အတော် များများတွင် ဆီးချို ရောဂါ လက္ခဏာကို စမ်းသပ် တွေ့ရှိ နေရသည့်နှုန်းမှာ ယခင်ကထက် ပိုမို များပြားလျက် ရှိပါသည်။ ကိုယ်ဝန်ဆောင်ချိန်၌ ဆီးချိုရောဂါ ဖြစ်စေနိုင်သော အခြေအနေ တချို့မှာ ...
(၁) အသက် ၃၅ နှစ်ကျော်မှ ကလေးယူခြင်း၊
(၂) မိသားစုအတွင်း၌ ဆီးချိုရောဂါ ရှိခြင်း၊
(၃) သန္ဓေသား ပုံမှန်ထက် ကြီးထွားသည့် ကလေးကို ယခင်ကိုယ်ဝန်များ၌ မွေးဖူးခြင်း၊
(၄) ကိုယ်ဝန်ဆောင်စဉ် အ၀လွန်ခြင်း (BMI >27 in Asian & BMI >30 in Caucasian and others)
စသည်တို့ ဖြစ်ပါသည်။
ထို့အပြင် သြစတြေးလျနိုင်ငံတွင် နောက်ဆုံး လေ့လာ တွေ့ရှိ ထားချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀-၁၅% မှာ Gestational Diabetes ကို စမ်းသပ် တွေ့ရှိရပြီး အာရှ၊ အိန္ဒိယ၊ ပစိဖိတ်ကျွန်းနှင့် သြစတြေးလျား ဌာနေတိုင်းရင်းသား အမျိုးသမီးများတွင် ဥရောပ လူဖြူမျိုးနွယ် ကော့ကေးရှန် များထက် ရောဂါ ရရှိသည့် ရာခိုင်နှုန်း ပိုများသည်ဟု သိရပါသည်။ ထို့ကြောင့် အထက်ပါ လေ့လာ ထားချက်အရ အာရှနွယ် မြန်မာ အမျိုးသမီးများ သည်လည်း ကိုယ်ဝန် ဆောင်စဉ် ဆီးချို ဖြစ်နိုင်ခြေများသည့် စာရင်းထဲပါနေသဖြင့် ကိုယ်ဝန် ဆောင်စဉ် အထက်ဖေါ်ပြပါ အခြေအနေထဲမှ အနည်းဆုံး တခုနှင့် တိုက်ဆိုင်နေပါက ဆီးချို ရောဂါ ရှိမရှိကို မိသားစု ဆရာဝန်နှင့် တိုင်ပင်၍ မဖြစ်မနေ စစ်ဆေး သင့်ပါသည်။ Type 1 ဖြစ်ပွားနှုန်း နည်းသော်လည်း လုံးဝမဖြစ်နိုင်သည့် အခြေအနေ မဟုတ်သဖြင့် ကိုယ်ဝန်ဆောင်စဉ် ပိန်လွန်းသော အမျိုးသမီးများ အားလည်း Type 1 ဆီးချို ရှိမရှိ စစ်ဆေး သင့်ပါသည်။
Gestation ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန် ဆောင်ခြင်းသည် မမျိုးဥနှင့် ဖိုသုတ်ကောင်တို့ ပေါင်းစပ်ခြင်းဖြင့် Zygote ခေါ်သန္ဓေ သားလောင်းကို ဖြစ်ပေါ်စေပြီး မိခင်၏ သားအိမ်၌ သန္ဓေသား ကြီးထွားစေသည့် ကိုးလကျော် ကာလ ဖြစ်ပါသည်။ ထိုကာလ၌ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းအပြောင်းအလဲနှင့် သန္ဓေသားကြီးထွားမှုတို့ကြောင့် ခန္ဓာကိုယ် အင်္ဂါအဖွဲ့စည်း အသီးသီးရှိ အလုပ်လုပ်မှုစနစ် တချို့ကို ပြောင်းလဲစေပြီး ပုံမှန်မဟုတ်သည့် လက္ခဏာ များကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခံစား ရလေ့ရှိပါသည်။ အစာခြေအင်္ဂါအဖွဲ့အစည်း (GIT) တွင် gonadal ဟော်မုန်း မြင့်တက်ခြင်း ကြောင့် အစာခြေမှု စနစ်ကို ထိခိုက်ပြီး ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ စိတ် မတည်မငြိမ် ဖြစ်ခြင်း ကို ဖြစ်စေပါသည်။ ဆီးစွန့် အင်္ဂါ အဖွဲ့အစည်းတွင် သားအိမ်မှ ဆီးအိတ်အား ဖိထားသောကြောင့် လည်းကောင်း၊ ကျောက်ကပ်၏ အရည် စစ်ထုတ်နှုန်း (Glomerular filtration rate) မြင့်မား လာခြင်းကြောင့် လည်းကောင်း ဆီးများများ သွားခြင်းနှင့် မကြာခဏ သွားခြင်းကို ဖြစ်ပေါ်စေပါသည်။ အသက်ရှူ အင်္ဂါ အဖွဲ့အစည်းတွင် လေထဲမှ အောက်စီဂျင်ကို အလျင်မီအောင် ရှူရှိုက်ရသောကြောင့် အသက်ရှူနှုန်း မြန်လာပြီး အဆုပ်၏ ပုံမှန် လေ၀င်လေထွက်နိုင်သည့် အကျယ်အ၀န်း (Tidal Volume) များ လာကာ ချွဲသလိပ်များ အထွက်များ လာသည်။
နှလုံးသွေးကြော အဖွဲ့အစည်းတွင် သွေးအထုတည် များလာခြင်းနှင့် နှလုံးမှ သွေးလွှတ်ကြောသို့ ထုတ်သည့်အား (Cardiac Output) များခြင်း တို့ကြောင့် သွေးဖိအား များလာစေပြီး နှလုံးသို့ ပြန်လာသော သွေးပြန်ကြော၏ သွေးစီးမှု နှေးကွေး လာသောကြောင့် ခန္ဓာကိုယ် အောက်ပိုင်း အထူးသဖြင့် ခြေသားလုံး တ၀ိုက်တွင် သွေးပြန်ကြောများ ထုံးပြီး သွေးပြန်ကြော ပိတ်ဆို့ခြင်းများ ဖြစ်နိုင်ပေသည်။ ကိုယ်ဝန် ဆောင်စဉ် အမျိုးသမီးများ ခံစားရသည့် လက္ခဏာတချို့သည် ဆီးချိုရောဂါတွင်လည်း တွေ့ရပြီး မူးဝေခြင်း ပျို့အန်ခြင်း၊ ဆီး မကြာခဏ သွားခြင်းနှင့် သွေးဖိအား များခြင်း စသည့် လက္ခဏာ များသည် သာမာန် ကိုယ်ဝန်ဆောင်များအတွက် ပုံမှန်ဖြစ်၍ စိုးရိမ် ဖွယ်ရာ မရှိသော်လည်း အကယ်၍ ဆီးချို (Gestational Diabetes) ကြောင့် ဖြစ်ပါက အထူးစိုးရိမ်ရပြီး သွေးထဲရှိ သကြားဓါတ်ကို ပုံမှန် ဖြစ်အောင် ချက်ချင်း ထိန်းညှိပေးရန် လိုအပ်ပါသည်။
Complications of Gestational Diabetes ဖြစ်လာနိုင်မည့် ပြဿနာများ
ကိုယ်ဝန်ဆောင်စဉ် ဆီးချို ရရှိထားပါက ကလေးနှင့် မိခင် နှစ်ဦးစလုံး အတွက် နောက်ဆက်တွဲ ပြဿနာများ ရှိသဖြင့် ပြဿနာကို မကြီးထွား လာစေရန် ကာကွယ် ကုသရပေမည်။ သာမာန်အားဖြင့် ကိုယ်ဝန်ဆောင်စဉ် ဆီးချို ရရှိသော အမျိုးသမီးများသည် တနှစ်မှ ၁၀ နှစ် အတွင်းတွင် Type 2 နာတာရှည် ဆီးချို ရောဂါကို ရရှိ သွားနိုင်ပါသည်။ ရေတို ကာလတွင်လည်း ကိုယ်ဝန်ဆောင်စဉ် သွေးထဲ သကြားဓါတ်ကို ကောင်းစွာ မထိန်းချုပ် နိုင်ပါက မွေးဖွားသည့် အချိန်တွင် ကလေး ခန္ဓာကိုယ် ကြီးမားခြင်း။ ကလေးသေနှုန်းနှင့် ပုံမှန် မဟုတ်ပဲ မွေးဖွားရသည့်နှုန်း တက်လာခြင်း စသည့် အခြေအနေများကို ရင်ဆိုင် ရနိုင်ပါသည်။ ရေရှည် တွင်လည်း မွေးဖွားလာသော ကလေးအား သတိကြီးစွာ မစောင့်ရှောက်ပါက ကလေးဘ၀ တလျှောက်တွင် အ၀လွန်၍ ၁၀ ကျော်သက် အရွယ်တွင် ကလေးမှာ ဆီးချို ရောဂါ ရရှိနိုင်ပါသည်။ မိခင် အတွက်လည်း ကလေးမွေးပြီး နှစ်အနည်းငယ် အတွင်း နာတာရှည် ဆီးချိုရရှိနိုင်ပါသည်။ အကယ်၍ ဆီးချိုကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီး ကလေးမွေးပြီး ကာလတွင်လည်း ဘ၀ လူနေမှုပုံစံ ပြောင်းကာ အာဟာရ၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါက မိခင်တွင် ရောဂါရရှိခြင်းမှ ၅၈% လျှော့သွား နိုင်ပါသည်။
Diet and Exercise အဟာရနှင့် လေ့ကျင့်ခန်း
ကိုယ်ဝန်ဆောင်မိခင်သည် အစာအဟာရ လုံလောက်စွာ စားသုံးရန်လိုပါသည်။ Glycaemic လျှော့နည်းသည့် ကာဗွန် ဟိုက်ဒရိတ် (ဆီးချိုရောဂါ အစားအစာတွင် ကြည့်ပါ) ကို အကန့်အသတ်ဖြင့် မနက်၊ နေ့လည်၊ ညနေစာအပြင် အစာစားသည့် အကြိမ်တိုင်းတွင် အနည်းငယ်စီ ပါဝင်အောင် ထည့်စားရန် လိုပါသည်။ အင်ဆူလင် ထိုးဆေး အသုံးပြုရန် လိုအပ်မှု လျှော့နည်းစေရန် ကာဗွန်ဟိုက်ဒရိတ် စားသုံးသည့် ပမာဏကို ခန္ဓာကိုယ် အတွက် လိုအပ်သည့် စုစုပေါင်း ကယ်လိုရီ၏ ၄၀% အထိသာ ကန့်သတ် စားသုံးသင့်သည်။ မနက်ပိုင်းတွင် အင်ဆူလင် ခံနိုင်ရည်ရှိမှု ပိုများ သောကြောင့် မနက်စာတွင် ကာဗွန်ဟိုက်ဒရိတ်ကို အနည်းငယ်သာ စားသုံးသင့်ပါသည်။ သွေးထဲ သကြားဓါတ် မြင့်တက်လာမှုကို လျှော့နည်း စေရန် ကိုယ်ဝန်ဆောင်ချိန်၌ တနေ့ လျှင် မိနှစ် ၃၀ ခန့် နေ့စဉ် လမ်းလျှောက်ခြင်းကဲ့သို့ သင့်တင့်သည့် လေ့ကျင့်ခန်း တခုခုကို ပုံမှန် ပြုလုပ်သင့်ပါသည်။
Follow up Programmes နောက်ဆက်တွဲ လုပ်ဆောင်ရန်လိုသည့် အစီစဉ်များ
ကိုယ်ဝန်ဆောင်ချိန် ဆီးချို ဖြစ်ခဲ့သော အမျိုးသမီးများသည် ကလေးမွေးပြီး ၂-၄ လအတွင်း Glucose Tolerance Test ဟု ခေါ်သော ဆီးချို စစ်ဆေးမှုကို ပြုလုပ် သင့်ပါသည်။ ဆီးချို မတွေ့ရှိပါက ဆက်လက်၍ နှစ်စဉ် သို့မဟုတ် နှစ်နှစ် တကြိမ် အမြဲ စစ်ဆေး သင့်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရရှိဖူးသည့် အမျိုးသမီးတိုင်း သက်ဆိုင်သည့် ကျန်းမာရေး ပညာရှင်များနှင့် တိုင်ပင် ညှိနှိုင်းကာ ဘ၀လူနေမှု ပုံစံကို ပြောင်း၍ အာဟာရ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန် ထိန်းချုပ်ခြင်းနှင့် သန္ဓေတားဆီးရေး (သို့) စနစ်တကျ သန္ဓေယူခြင်း မိသားစု စီမံကိန်းတို့ကို တတ်ကျွမ်း နားလည်သူများနှင့် တိုင်ပင် စီစဉ်ပြီး လိုက်နာဆောင်ရွက် သွားရမည်။
မူရင်းဆောင်းပါးကို ဒီနေရာမှာ ဖတ်ပါ
Saturday, November 21, 2009
ကလေးတို့အတွက် လောကနီတိ သိမှတ်စရာ
ကလေးတို့ရေ
ဒီနေ့တော့ လောကနီတိ သိမှတ်စရာ များကိုပြောပြပေးမယ်နော်
လူ့ဘဝဆိုတာ အများကြီးလေ့လာစရာတွေပါ။
လောကမှာလေ...
လ မရှိတဲ့ ည . . .
လှိုင်းမရှိတဲ့ ပင်လယ် . . .
ကြာ မရှိတဲ့ ကန် . . .
လင်မရှိတဲ့ မိန်းမတို့ဟာ
မတင့်တယ် မသာယာပါ . . . ။
လူမိုက်
လူမိုက်ဟာ ကိုယ်မိုက်တယ်လို့ သိရင်
လူကောင်းဖြစ်နိုင်တယ်။
လူမိုက်ဟာ သူ့ကိုယ်သူ
လူကောင်းပါလို့ ပြောနေသရွေ့
လူမိုက်ပဲဖြစ်နေပါမယ်။
မိတ်ဆွေ
တောထဲက သစ်မြစ် သစ်ဖုတွေဟာ လူနာအတွက် အကျိုးပြုပါတယ်။
အနာရောဂါဟာ လူနာရဲ့ ရန်သူဖြစ်တယ်။
ကိုယ့်အကျိုးမပြုတဲ့ ဆွေမျိုးထက်
ကိုယ့်အကျိုးပြုတဲ့ သူစိမ်းဟာ
ကိုယ့်အတွက် မိတ်ဆွေဖြစ်တယ် . . . ။
မနေသင့်တဲ့အရပ်
မကြိုက်ဘဲ နေရတဲ့အရပ်
မချစ်ဘဲ နေရတဲ့အရပ်
မိတ်ဆွေ မရှိတဲ့အရပ်
ပညာတတ်တွေ မရှိတဲ့အရပ် မှာ
တစ်နေ့၊ တစ်ရက်တောင် မနေသင့်ပါ . . ။


