Image and video hosting by TinyPic
Sayarma.gif
တောက ခလေးတွေပျော်တာကိုတွေ့ရင် ဆရာမလဲပျော်တာပေါ့ .......

Saturday, November 21, 2009

ကလေးတို့အတွက် လောကနီတိ သိမှတ်စရာ

ကလေးတို့ရေ

ဒီနေ့တော့ လောကနီတိ သိမှတ်စရာ များကိုပြောပြပေးမယ်နော်
လူ့ဘဝဆိုတာ အများကြီးလေ့လာစရာတွေပါ။

လောကမှာလေ...


လ မရှိတဲ့ ည . . .
လှိုင်းမရှိတဲ့ ပင်လယ် . . .
ကြာ မရှိတဲ့ ကန် . . .
လင်မရှိတဲ့ မိန်းမတို့ဟာ
မတင့်တယ် မသာယာပါ . . . ။


လူမိုက်


လူမိုက်ဟာ ကိုယ်မိုက်တယ်လို့ သိရင်
လူကောင်းဖြစ်နိုင်တယ်။
လူမိုက်ဟာ သူ့ကိုယ်သူ
လူကောင်းပါလို့ ပြောနေသရွေ့
လူမိုက်ပဲဖြစ်နေပါမယ်။

မိတ်ဆွေ


တောထဲက သစ်မြစ် သစ်ဖုတွေဟာ လူနာအတွက် အကျိုးပြုပါတယ်။
အနာရောဂါဟာ လူနာရဲ့ ရန်သူဖြစ်တယ်။
ကိုယ့်အကျိုးမပြုတဲ့ ဆွေမျိုးထက်
ကိုယ့်အကျိုးပြုတဲ့ သူစိမ်းဟာ
ကိုယ့်အတွက် မိတ်ဆွေဖြစ်တယ် . . . ။

မနေသင့်တဲ့အရပ်


မကြိုက်ဘဲ နေရတဲ့အရပ်
မချစ်ဘဲ နေရတဲ့အရပ်
မိတ်ဆွေ မရှိတဲ့အရပ်
ပညာတတ်တွေ မရှိတဲ့အရပ် မှာ
တစ်နေ့၊ တစ်ရက်တောင် မနေသင့်ပါ . . ။



0 comments:

Post a Comment

 
ကလေးတို့ရေ ရှေ့အနာဂတ်အတွက် အရွက်ကြွေကြွေ အရည်ခမ်းခမ်း ရိုးတံရှိသ၍ အဖူးဝေစေချင်တယ် ဆရာမရဲ့ဆန္ဒစေတနာပါ....ကြိုးစားကြနော် .......