Image and video hosting by TinyPic
Sayarma.gif
တောက ခလေးတွေပျော်တာကိုတွေ့ရင် ဆရာမလဲပျော်တာပေါ့ .......

Tuesday, November 10, 2009

ခမည်းပေးခြင်းသိကောင်းစရာများ

ဆရာ စံ-ဇာဏီဘိုရေးတဲ့ ခမည်းပေးခြင်းသိကောင်းစရာများ . . .

ကလေးသည် မကြာခဏလန့်ခြင်း၊ အိပ်နေရာမှ ဆတ်ခနဲ့ဖြစ်ပြီး ကြောက်ရွံ့စွာ အော်ဟစ်ငိုခြင်း၊ မကြာခဏ ကျန်းမာရေး ချူချာပြီး ဆရာဝန် ဆေးဝါးနှင့် မပြတ်ခြင်း၊ အနည်းငယ်သာ အသားတက်လာလိုက် ချူချာလိုက် ပြန်ကျသွားလိုက်၊ ဆေးကုသလည်း မထူး၊ ဆေးမစူးဘဲ ရှိနေပြန်၊ အဓိပ္ပာယ်မဲ့ချူချာ အထက်ပါကဲ့သို့ ဖြစ်ရပ်များ “မွေးကင်းစအရွယ်မှာ စကားတီတီတာတာ ပြောတတ်သောအရွယ်” ထိုကြားကာလအရွယ်များတွင် ဖြစ်ပေါ်ပါက ခမည်းပေးသင့်ပါသည်။

၎င်းအပြင်ခမည်းမပေးရသေးသော ကလေးများကိုလည်း ပေးသင့်၏။ ကလေးကျန်းမာရေးအတွက် ဆောင်ရွက်သော ရိုးရာဓလေ့ဖြစ်ပါသည်။ အပူရှိန်တက်ပြီး မှိန်းမောနေသော ကလေးတို့အား ချော့နေသော ဖခင်တို့ အပူပပျောက်စေခြင်းအလို့ငှာ ခမည်းပေးခြင်း နည်းစနစ်ကို တင်ပြအပ်ပါသည်။

တနင်္ဂနွေနေ့မွေးသောကလေး . . .
၎င်းကလေးများအတွက် မြရတနာ၊ မြေ၊ ပုတီးတို့ကို ခမည်းပေးရပါသည်။ ခမည်းပေးရမည့်သူသည် အင်္ဂါနေ့မွေးသောသူ ဖြစ်ရပါမည်။

တနင်္လာနေ့မွေးသောကလေး . . .
ရွှေ၊ လှေ၊ လယ်၊ ရေကန်၊ ၀က် အစရှိသည်တို့ကို စနေနေ့မွေးသောသူက ခမည်းပေးရပါမည်။

အင်္ဂါနေ့မွေးသောကလေး . . .
တနင်္ဂနွေနေ့မွေးသောသူမှ ကလေးအား ဘုရားပုံတော်၊ ပုလဲရတနာ ခမည်းလက်ဆောင်ပေးရပါမည်။

ဗုဒ္ဓဟူးနေ့မွေးသောကလေး . . .
ဗုဒ္ဓဟူးနေ့မွေးသောသူမှ ကြက်ဖဖြူ၊ မဟူရာ၊ စာကလေး၊ ငှက်တို့ ပေးရပါမည်။

ကြာသပတေးနေ့မွေးသောကလေး . . .
ပန်းအိုး၊ အိမ်၊ စက်၊ ဆေးတံ အစရှိသည်တို့ကိုသောကြာနေ့မွေးသူက ပေးရပါမည်။

သောကြာနေ့မွေးသောကလေး . . .
ရွှေလက်စွပ်၊ စက် အစရှိသည်တို့ကို ကြာသပတေးသားက ပေးရပါမည်။

စနေနေ့မွေးသောကလေး . . .
ဗုဒ္ဓဟူးနေ့မွေးသောသူက ကြက်အဖြူ၊ ခြံ၊ ရေတွင်း၊ အဖြူရောင်ဝတ်စုံ တစ်ခုခု ပေးရမည်။

1 comments:

ဆောင်း said...

ငယ်ငယ်က ကျမကို ဘုန်းကြီးတပါးက ၀တ်ပါဆိုလို့ မန်းကြိုးဆွဲထားရတယ်။ ဆွဲကြိုးမကြိုက်တဲ့ ကျမ ၃-၄ရက်အောင့်အီးဝတ်ပါတယ်။ နောက်မ၀တ်ချင်တာနဲ့ မေမေ ဖြုတ်ပေးလို့ အသက်ရှုကြပ်သက်သာသွားတယ်။း-)
ဆွဲကြိုးဆိုလည်း ခနတဖြုတ်ထက် ပိုဝတ်လို့ မရဘူး အမြဲ ဆွဲလို့ မရဘူးလေ

Post a Comment

 
ကလေးတို့ရေ ရှေ့အနာဂတ်အတွက် အရွက်ကြွေကြွေ အရည်ခမ်းခမ်း ရိုးတံရှိသ၍ အဖူးဝေစေချင်တယ် ဆရာမရဲ့ဆန္ဒစေတနာပါ....ကြိုးစားကြနော် .......