Image and video hosting by TinyPic
Sayarma.gif
တောက ခလေးတွေပျော်တာကိုတွေ့ရင် ဆရာမလဲပျော်တာပေါ့ .......

Tuesday, December 8, 2009

တော သူလေးအတွက် Computer ဗဟုသုတ

မိမိစက် Restart ခဏခဏကျတာ ဘာကြောင့်လဲ?


မိမိတို့ နေ့စဉ်သုံးနေတဲ့ ကွန်ပျူတာမှာ Restart ခဏခဏ ကျတာမျိုး Shutdown ခဏခဏ ကျတာမျိုးတွေ ကြုံဖူးချင်လည်း ကြုံဖူးကျမှာပါ။ မကြုံဖူးရင်လည် ဗဟုသုတပေါ့။ အဲဒီလို ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဖြစ်နိုင်ချေတွေကတော့

(1) heat များနေခြင်း ။ ။ မိမိတို့ စက်သုံးတာ ကြာလာရင် Processor heat များတာတို့ ဖြစ်တက်ပါတယ်။ အဲဒီလို Heat များလာတော့ Processor မှာကပ်ထားတဲ့ ကော်ဖော်ကြွလာတာလဲ ဖြစ်တက်ပါတယ်။ ဒါကြောင့် မိမိ စက်ရဲ့ Heat ကို စစ်ဆေးသင့်ပါတယ်။ နောက်တစ်ခုကတော့ Cooling Fun တွေကောင်းမကောင်းစစ်ဆေးသင့်ပါတယ်။

(2) နောက်ဖြစ်နိုင်ခြေကတော့ Virtual Memory နည်းလာတဲ့အခါ handing ဖြစ်လာမယ်. ပြီးရင် Processor ရဲ့ Speed ကိုထိုးကျသွားတက်ပါတယ်။

(3) နောက်တစ်ချက် ဖြစ်နိုင်သေးတာကတော့ မိမိစက်ကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ Hardware တွေကိုသန့်ရှင်းရေး လုပ်ဆောင်သင့်သလို မိမိတို့ စက်ထဲမှ မလိုအပ်တဲ့ Service တွေကို သန့်ရှင်းရေးလုပ်ဆောင်ပါ။ (%tem%,prefetch,recent...........)

(4) နောက်တစ်ခုလုပ်သင့်တာက Hard Disk ကို Error check လုပ်ဆောင်ပေးပါ။

(5) နောက်လုပ်သင့်တာကတော့ မိမိစက်ကို လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားသင့်ပါတယ်။

(6) နောက်ဖြစ်နိုင်တာကတော Virus ကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိ Anti-Virus ကို စစ်ဆေးသင့်ပါတယ်။ up to date ဖြစ်မဖြစ်။

(7) နောက်တစ်ခု တစ်ခါတစ်လေ Software တွေညှီတာလည် ဖြစ်နိုင်ပါတယ်။ System Restore ပြန်ခေါ်ကြည့်ပါ။

(8) မရတဲ့အဆုံး Windows ပြန်တင်ကြည့်လိုက်ပါ။

(9) တစ်ချို့က ပြောကျတယ်။ Hard Disk ကြောင့်လို့။ Hard Disk နဲ့ မဆိုင်ပါဘူး။ အများဆုံးဖြစ်နိုင်တာက Heat နှင့် Virus ကြောင့်သာ အဖြစ်များပါတယ်။


လာပြီးအားပေးတာ ကျေးဇူးတင်ပါတယ်နော့်


0 comments:

Post a Comment

 
ကလေးတို့ရေ ရှေ့အနာဂတ်အတွက် အရွက်ကြွေကြွေ အရည်ခမ်းခမ်း ရိုးတံရှိသ၍ အဖူးဝေစေချင်တယ် ဆရာမရဲ့ဆန္ဒစေတနာပါ....ကြိုးစားကြနော် .......