စိတ်ကူးထဲက မေမေ့ရဲ့အတွေးလေးတွေ
လာမည့် February, 2010 ဆို ချစ်သမီးလေး လူ့လောကကို ရောက်လာတော့မယ်။
သမီးရတနာလေးအတွက် ချစ်သမီးနဲ့သင့်တော်မဲ့ ဒီအမည်လေးကို ရွေးထားပါတယ်။
Sandra Mon
အရမ်းလှပါတယ်နော်။
ကလေးတို့ရေ
ဒီနေ့တော့ လောကနီတိ သိမှတ်စရာ များကိုပြောပြပေးမယ်နော်
လူ့ဘဝဆိုတာ အများကြီးလေ့လာစရာတွေပါ။
ဆရာ စံ-ဇာဏီဘိုရေးတဲ့ ခမည်းပေးခြင်းသိကောင်းစရာများ . . .
ကလေးသည် မကြာခဏလန့်ခြင်း၊ အိပ်နေရာမှ ဆတ်ခနဲ့ဖြစ်ပြီး ကြောက်ရွံ့စွာ အော်ဟစ်ငိုခြင်း၊ မကြာခဏ ကျန်းမာရေး ချူချာပြီး ဆရာဝန် ဆေးဝါးနှင့် မပြတ်ခြင်း၊ အနည်းငယ်သာ အသားတက်လာလိုက် ချူချာလိုက် ပြန်ကျသွားလိုက်၊ ဆေးကုသလည်း မထူး၊ ဆေးမစူးဘဲ ရှိနေပြန်၊ အဓိပ္ပာယ်မဲ့ချူချာ အထက်ပါကဲ့သို့ ဖြစ်ရပ်များ “မွေးကင်းစအရွယ်မှာ စကားတီတီတာတာ ပြောတတ်သောအရွယ်” ထိုကြားကာလအရွယ်များတွင် ဖြစ်ပေါ်ပါက ခမည်းပေးသင့်ပါသည်။
၎င်းအပြင်ခမည်းမပေးရသေးသော ကလေးများကိုလည်း ပေးသင့်၏။ ကလေးကျန်းမာရေးအတွက် ဆောင်ရွက်သော ရိုးရာဓလေ့ဖြစ်ပါသည်။ အပူရှိန်တက်ပြီး မှိန်းမောနေသော ကလေးတို့အား ချော့နေသော ဖခင်တို့ အပူပပျောက်စေခြင်းအလို့ငှာ ခမည်းပေးခြင်း နည်းစနစ်ကို တင်ပြအပ်ပါသည်။
တနင်္ဂနွေနေ့မွေးသောကလေး . . .
၎င်းကလေးများအတွက် မြရတနာ၊ မြေ၊ ပုတီးတို့ကို ခမည်းပေးရပါသည်။ ခမည်းပေးရမည့်သူသည် အင်္ဂါနေ့မွေးသောသူ ဖြစ်ရပါမည်။
တနင်္လာနေ့မွေးသောကလေး . . .
ရွှေ၊ လှေ၊ လယ်၊ ရေကန်၊ ၀က် အစရှိသည်တို့ကို စနေနေ့မွေးသောသူက ခမည်းပေးရပါမည်။
အင်္ဂါနေ့မွေးသောကလေး . . .
တနင်္ဂနွေနေ့မွေးသောသူမှ ကလေးအား ဘုရားပုံတော်၊ ပုလဲရတနာ ခမည်းလက်ဆောင်ပေးရပါမည်။
ဗုဒ္ဓဟူးနေ့မွေးသောကလေး . . .
ဗုဒ္ဓဟူးနေ့မွေးသောသူမှ ကြက်ဖဖြူ၊ မဟူရာ၊ စာကလေး၊ ငှက်တို့ ပေးရပါမည်။
ကြာသပတေးနေ့မွေးသောကလေး . . .
ပန်းအိုး၊ အိမ်၊ စက်၊ ဆေးတံ အစရှိသည်တို့ကိုသောကြာနေ့မွေးသူက ပေးရပါမည်။
သောကြာနေ့မွေးသောကလေး . . .
ရွှေလက်စွပ်၊ စက် အစရှိသည်တို့ကို ကြာသပတေးသားက ပေးရပါမည်။
စနေနေ့မွေးသောကလေး . . .
ဗုဒ္ဓဟူးနေ့မွေးသောသူက ကြက်အဖြူ၊ ခြံ၊ ရေတွင်း၊ အဖြူရောင်ဝတ်စုံ တစ်ခုခု ပေးရမည်။
မိတ်ဆွေများ မြန်မာ E-Books ကိုစိတ်ဝင်စားရင် အောက်ပါ Website တွင်သွားလည်နိုင်သည်။
Copyright 2009 ဟံဂံ သူလေး တောကျောင်းက ဆရာမမှတ်စု. All rights
reserved.